
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်အုပ်စု၊ နတ်ပုတီးကျေးရွာ၊ (၁၉-၈-၂၀၁၈)နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ပိ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်တို့အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2018
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)