====================================================
ရန်ကုန်၊ သြဂုတ် ၂၈————————
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခ ခံစားခဲ့ရသော ပြည်သူများကို စာနာထောက်ထားခြင်းဖြင့် Myanmar Business Central Corporation Co.,Ltd က အလှူငွေကျပ် ၄၂၅၅၀၀၀ ကျပ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။