Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂/၂၀၁၈) ဖွင့်လှစ်မှုသတင်း
================================================ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၁၈) ရက်နေ့၊ (၀၉း၃၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂/၂၀၁၈) အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား (၃၀) ဦးနှင့် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂၉-၈-၂၀၁၈) ရက်နေ့မှ (၃၁-၈-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၈) ရက်နေ့တွင် အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ အ.ထ.က (ခွဲ) စာသင်ကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2018
-
မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအုပ်စု၊ တောင်ရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအုပ်စု၊ တောင်ရွာ၌ (၂၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာနှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်တို့အား (၂၉-၈-၂၀၁၈) ရက်နေ့တွင် မောင်တောမြို့နယ်၊ မြို့မ ကညင်တန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးနေအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာ၌ သြဂုတ်လ (၁၂) ရက်နေ့၊ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲပျက်စီးခဲ့ပြီး အိမ်ခြေ/အိမ်ထောင်စု (၃၈) စုဘေးသင့် ခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေများအတွက် ပြိုကျပျက်စီးနေအိမ် (ဓနိမိုး၊ဓနိကာ) (၁) လုံးလျှင် (၁၀၀,၀၀၀/-) ကျပ် နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၃၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၈၀၀,၀၀၀/-) ကျပ်အား … Read more
-
မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အာရှိတ်ဂျာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အာရှိတ်ဂျာကျေးရွာ၌ (၂၄-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် (၂) လုံး (ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက်) မီးလောင်ခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး (၃၇၈၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂) စုအား … Read more
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး အတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေကျပ် (၁၂၆၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၈) ရက်နေ့တွင် မိုးမိတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝ ဘေးစီမံခန့်ခွဲမှုကော်တီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း သင်တန်းသား/သူ (၈၀) ဦးတို့ဖြင့်မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှုသင်တန်း ဒုတိယရက်အဖြစ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာသင်ခန်းစာများ ဆွေးနွေးပို့ချပြီး သင်တန်းသား/သူများမှလည်း ပြန်လည်ဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂ဝ၀) နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်၊ ပျဉ်းမကုန်းအုပ်စု၊ ပျဉ်းမကုန်းအရှေ့ ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ပြုလုပ်ခဲ့ရာ ပျဉ်းမကုန်းအုပ်စုနှင့် စွန်ပိအုပ်စုတို့မှ ပြည်သူ (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ပြီး ကျေးရွာရှိလူစည်ကားရာနေရာများ၌ အများပြည်သူကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၁၈)ရက်နေ့မှစ၍ ကရင်ပြည်နယ်အတွင်း မြို့နယ်(၆) မြို့နယ်၌ မြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ အိမ်ထောင်စု (၉၆၅၃)စု၊ လူဦးရေ(၄၈၈၃၄)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ အဆိုပါ ရေဘေးသင့်ပြည်သူများ ရေကျ၍ ၎င်းတို့နေထိုင်ရာနေရပ်သို့ ပြန်လည်နေထိုင်ချိန်တွင် လိုအပ်မည့် ဆန်ရိက္ခာ(၇) ရက်စာကျသင့်ငွေ (၁၀၂,၅၅၁,၄၀၀) အား (၂၈-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား World Bank မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၂၈.၈.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား World Bank မှ Infrastructure Specialist and Task Team Leader ဖြစ်သူ Ms.Henrike Brecht က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ်၊ ရေဘေးပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်ရေးယန္တရားရန်ပုံငွေ (Immediate Response Mechanism – IRM Fund) ဖြင့် ဆောင်ရွက်သည့် … Read more









