လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာ၌ သြဂုတ်လ (၁၂) ရက်နေ့၊ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲပျက်စီးခဲ့ပြီး အိမ်ခြေ/အိမ်ထောင်စု (၃၈) စုဘေးသင့် ခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေများအတွက် ပြိုကျပျက်စီးနေအိမ် (ဓနိမိုး၊ဓနိကာ) (၁) လုံးလျှင် (၁၀၀,၀၀၀/-) ကျပ် နှုန်းဖြင့် စုစုပေါင်းအိမ်ခြေ (၃၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၈၀၀,၀၀၀/-) ကျပ်အား (၂၉-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါ သည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#ayy_aug2018