မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29 Pic 01

================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး အတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေကျပ် (၁၂၆၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ ထောက်ပံ့ငွေစုစုပေါင်း (၁၁၂၆၀၀) ကျပ်တိတိအား (၂၉-၈-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events