================================================
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၁၈) ရက်နေ့၊ (၀၉း၃၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂/၂၀၁၈) အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား (၃၀) ဦးနှင့် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂၉-၈-၂၀၁၈) ရက်နေ့မှ (၃၁-၈-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။