လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၁၈)ရက်နေ့မှစ၍ ကရင်ပြည်နယ်အတွင်း မြို့နယ်(၆) မြို့နယ်၌ မြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ အိမ်ထောင်စု (၉၆၅၃)စု၊ လူဦးရေ(၄၈၈၃၄)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ အဆိုပါ ရေဘေးသင့်ပြည်သူများ ရေကျ၍ ၎င်းတို့နေထိုင်ရာနေရပ်သို့ ပြန်လည်နေထိုင်ချိန်တွင် လိုအပ်မည့် ဆန်ရိက္ခာ(၇) ရက်စာကျသင့်ငွေ (၁၀၂,၅၅၁,၄၀၀) အား (၂၈-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။