လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂ဝ၀) နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်၊ ပျဉ်းမကုန်းအုပ်စု၊ ပျဉ်းမကုန်းအရှေ့ ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ပြုလုပ်ခဲ့ရာ ပျဉ်းမကုန်းအုပ်စုနှင့် စွန်ပိအုပ်စုတို့မှ ပြည်သူ (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ပြီး ကျေးရွာရှိလူစည်ကားရာနေရာများ၌ အများပြည်သူကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။