Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအာရှ-ဥရောပ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာညီလာခံသို့ တက်ရောက်ပြီး သက်ကြီးရွယ်အိုဆိုင်ရာ လူမှုရေးပင်စင်ဆောင်ရွက်မှု ရှင်းလင်းပြောကြားမှုသတင်း
စက်တင်ဘာ ၅၊ နေပြည်တော် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် စက်တင်ဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့ထိ ကျင်းပပြုလုပ်သည့် အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အိုအခွင့်အရေးညီလာခံ ပထမနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံဝန်ကြီး မစ္စတာ လီနက်ယွန်းနှင့် တက်ရောက်လာသော နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ညစာစားပွဲတွင် အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်အကြီး အကဲများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်၊၊ ယင်းသို့ပြောကြားရာတွင် အာရှ-ဥရောပအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် သက်ကြီး ရွယ်အိုများ၏ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ ဒုဋ္ဌဝတီမြစ်ရေမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း ပေဝက်ခန့် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်များ၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် … Read more
-
ဒုတိယဝန်ကြီးဦးစိုးအောင်အား ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဟောင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
စက်တင်ဘာ ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် အား ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဟောင်းဖြစ်သူH.E Mr. Masaharu NAKAGAWA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရေးကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များစီမံခန့်ခွဲမှု၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီပေးနေမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်ရှိအခြေအနေ များ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပဋိပက္ခ ကင်းဝေးပြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မရမ်းကုန်း မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ သာသနာ့ဗိမ္မာန်တော်၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောခြင်းနှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ygn_Sep2018
-
ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ စာသင်ကျောင်း၌ ကျောင်းတွင်း အခြေပြုသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးသင်တန်း ဖွင့်လှစ်မှုသတင်း
================================================ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ စာသင်ကျောင်း၌ ကျောင်းတွင်း အခြေပြုသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးသင်တန်းအား (၅-၉-၂၀၁၈) ရက်နေ့တွင်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျေးရွာသူ/သား (၂၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၅-၉-၂၀၁၈) ရက်နေ့မှ (၆-၉-၂၀၁၈) ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
ကျိုက်ထိုမြို့နယ်၊ စခန်းလေးကျေးရွာ၌ မြေပြိုမှှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ စခန်းလေးကျေးရွာ၌ (၄-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၈၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀ိ/-) တို့အား ကျိုက်ထိုမြို့နယ်၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန် ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ ရာဒါကောင်း(ဘီ)၊ အိမ်အမှတ်(၄/၄၃)၌ (၂- ၉- ၂၀၁၈) ရက်နေ့ (၁ရး၃၇) နာရီအချိန် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၉) ဦးတို့တွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်၊ … Read more
-
တန်ချီဟတ် အ.မ.က မူလွန်ကျောင်း၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀~၁၀း၀၀) နာရီအချိန်တွင် တန်ချီဟတ် အ.မ.က မူလွန်ကျောင်း၌ လူဦးရေ ၁၀၀ ခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာေစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ထားမေတ္တာ ကုသိုလ်ပြုပေါင်းစုမှုအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ထားမေတ္တာ ကုသိုလ်ပြုပေါင်းစုမှုအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းသော အလှူငွေကျပ် (၁၅,၀၀,၀၀၀ိ/-) အား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။









