စက်တင်ဘာ (၁၇)၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာသူ များပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်သူပြည်သား များနှင့် ရခိုင်ပါတီဝင်များပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံးအရေးဟု ယူဆ သည့်အတွက် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ရေတို ရေရှည် လုပ်ငန်းများဆောင်ရွက်ပေးဖို့ရှိကြောင်း၊ အစိုးရအသစ်စတက်ကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင် ပြည်နယ် အရေးသည်ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအနေဖြင့် ဘယ်လိုပင်စွန့်ခွါပါစေ အစိုးရအနေဖြင့် စိစစ်၍ပြန်လည်လက်ခံရမည်ဖြစ်ကြောင်း၊ ကော်မတီတွင်တာဝန်ယူထားသူများအနေဖြင့် မိမိတို့၏ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် လိုအပ်ချက်များအတွက် သဘောတူညီချက်များနှင့်အညီ ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်များအရ ပြန်လည်လက်ခံရေးအစီအစဉ်များ ရေးဆွဲထားကြောင်း၊ ပုံမှန်နည်းလမ်းနှင့်ပြန်လက်ခံနိုင်ဖို့အတွက် အဟန့်အတားအနှောင့်ယှက်များကို ဖော်ထုတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုံခြုံရေးသည် အလွန်အရေးကြီးသော ကဏ္ဍဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တက်ရောက်လာသော ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018