လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုနှင့် ပဲကြီးကျွန်းကျေးရွာအုပ်စုတို့တွင် (၁၄.၉.၂၀၁၈) နေ့ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁၆) လုံး၊ ၎င်းအိမ်ထောင်စု (၁၆) စုရှိ လူဦးရေ (၅၉) ဦးတို့အတွက် (၂၉၆၁၆၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာဖိုး (၁၂၃၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၇၂၃၉၀၀) ကျပ်တို့အား ( ၁၈ – ၉ -၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
# ha-rbe
# ayy-sept 2018