Category Archives: News
-
ဘိုကလေးမြို့၊ ပညာရေးကောလိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် တန်းသား/သူ ဆရာ/မများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ပညာရေးကော လိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် သင်တန်းသား/သူ ဆရာ/မများအား သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာမှ ကျန်းမာရေး အကြောင်း သိကောင်းစရာများဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးကြောင့် ရေနစ်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ခြင်း
================================================ Source: ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ် ကုက္ကိုလ်ကျေးရွာအုပ်စု ညောင်ကားယားကျေးရွာ၌ (၁၂-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရေနစ်သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား (၅-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
================================================ Source: ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ် အပိုင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ လှဇင်းဘောင်ကျေးရွာနှင့် အပိုင်ကျေးရွာတို့၌ (၂၃-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ်(၅)လုံးနှင့် ပြိုလဲခဲ့သည့် နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀၀၀၀ိ/-)နှင့် ပြိုလဲနေအိမ်(၄)လုံးရှိ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၄)အိမ်ထောင်စာတို့အား (၅-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မီးဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် ကျောက်ဖြူမြို့၊ ဦးဥတ္တမလမ်း၊ EPC ရုံးအနီးလမ်းထောင့်၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်အား သွား ရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ ကျိုက်ပဒိုင်ကြီးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၈၀) ခန့်ဖြင့် လည်းကောင်း၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ တာဝရေတံခါးကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၂၀) ခန့်ဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၃-၁၀-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၄၉)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၂၉၀၀/-)ကျပ်၊ စုစုပေါင်း (၁၇၀၂၉၀၀/-)ကျပ်၊ (ကျပ်တစ်ဆယ့်ခုနှစ်သိန်းနှစ်ထောင့်ကိုးရာတိတိ) တို့အား (၅-၁၀-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ရွှေကန်မြေလူမှုကူညီရေးအသင်း ဥက္ကဌဦးသန်းကျော်သူ၊ ပခုက္ကူဂျာနယ်မှ အယ်ဒီတာဦး နေဦးမောင်၊ ဆိက္ခဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၊ လမ်းဘေး လက်ဝဲဘက်လမ်းဆုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Oct2018
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
================================================ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တော်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာ၌ (၃-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ခြေ (၃) လုံး မီးလောင်ခဲ့သော်လည်း လူနေသည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု(၁)စုစာ၊ အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တွေ့ဆုံဆွေးနွေးမှုသတင်း
အောက်တိုဘာ၊ ၄ရက်၊ နေပြည်တော် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ ဒေသစံတော်ချိန် (၁၈း၃၀) အချိန်တွင် ကုလသမဂ္ဂရုံး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FillippoGrandi နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် UNHCR မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ … Read more
-
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် မော်လမြိုင်မြို့ရှိ အစောင့်ရှောက်ခံဘိုးဘွားများအား လှူဒါန်းမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့) တွင် မော်လမြိုင်မြို့ရှိ အစောင့်ရှောက်ခံဘိုးဘွား (၁၀၀) ဦးအတွက် pillow, Bed sheet, Mosquito Net, Blanket, Foldable Bed ပစ္စည်း (၅) မျိုးတို့အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mon_oct2018









