Category Archives: News
-
ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျွန်း ကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၃) လုံး၊ အိမ် ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၅) အိမ်ထောင်စာ၊ ဘေးသင့်နေအိမ် (၁၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၂၅၀,၀၀၀/-) … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ဘက်လှန်းကျေးရွာအုပ်စု၊ ဖာလာကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် လေပြင်တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ထောင်စု(၁)စုလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၇၃၀/-) … Read more
-
သဘာဝဘေး အန္တရာယ်နှင်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ADRA (Myanmar) လူမှုဖွံ့ဖြိုး ရေးနှင့် ကူညီရေးအဖွဲ့တို့ပူးပေါင်း၍ မတူပီမြို့နယ်၊ နာဘုန်းကျေးရွာ၌ (၂၅-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်ထိ သဘာဝဘေး အန္တရာယ်နှင်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ သား (၂၇) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_sep2018
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ရွှေကူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တက်ရောက် အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ (၃၅) ဦးနှင့် ရွှေကူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်သည့် ကျေးရွာအုပ်စု (၃၀) အုပ်စုမှ အုပ်ချုပ်ရေးမှူး (၃၀) ဦး … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ လွန်ခွါကျေးရွာအုပ်စု၊ လွန်ခွါကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) အိမ်ခြေ (၁) လုံးမှ လူဦးရေ (၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂,၁၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် Family Kits (၁) … Read more
-
ကျောင်းတွင်းအခြေပြုအသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လေ့ကျင့်ရေး အလယ် တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီ အစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် ကျောင်းသား/သူများကို သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ် ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်း၊ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများ ဟောပြောဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ဲကြပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် … Read more
-
မိုးကြိုးဘေးကြောင့်သေဆုံးခဲ့ရသောပြည်သူ၏ ကျန်ရစ်သူမိသားစုအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ အဟူး ကျေးရွာအုပ်စု၊ ကြခတ်စုကျေးရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် (ဘ) ဦးလှသောင်း၏သားဖြစ်သူ ဦးရွှေဝင်း၊ အသက် (၅၉) နှစ်သည် စပါးရိတ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သောကြောင့် အဆိုပါ သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ သေဆုံးသူ၏ဇနီးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_sep2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅.၉.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဟဲဟိုးမြို့၊ အ-ထ-က(၄)ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀၀)ဦး အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သဘာဝဘေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း နှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု မြစ်ကျိုးချောင်းကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု (၁)စု လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၈၉၀၀) ကျပ်ကို (၂၄-၉-၂၀၁၈) ရက်နေ့တွင် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ အထွေထွေအုပ်ခ ျုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တက် ရောက်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါသင် တန်းဖွင့်ပွဲအခမ်းအနား၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ (၂၀) ဦးနှင့် မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးနိုင်ခြေအများဆုံး … Read more









