လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ ကျိုက်ပဒိုင်ကြီးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၈၀) ခန့်ဖြင့် လည်းကောင်း၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ တာဝရေတံခါးကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၂၀) ခန့်ဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_Oct2018