
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၃-၁၀-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၄၉)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၂၉၀၀/-)ကျပ်၊ စုစုပေါင်း (၁၇၀၂၉၀၀/-)ကျပ်၊ (ကျပ်တစ်ဆယ့်ခုနှစ်သိန်းနှစ်ထောင့်ကိုးရာတိတိ) တို့အား (၅-၁၀-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ရွှေကန်မြေလူမှုကူညီရေးအသင်း ဥက္ကဌဦးသန်းကျော်သူ၊ ပခုက္ကူဂျာနယ်မှ အယ်ဒီတာဦး နေဦးမောင်၊ ဆိက္ခဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_oct2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)