ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တွေ့ဆုံဆွေးနွေးမှုသတင်း

5 Pic 01

အောက်တိုဘာ၊ ၄ရက်၊ နေပြည်တော်
(၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ ဒေသစံတော်ချိန် (၁၈း၃၀) အချိန်တွင် ကုလသမဂ္ဂရုံး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FillippoGrandi နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် UNHCR မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိတိုက်ပွဲရှောင်စခန်းများရှိ ပြည်တွင်းရွေ့ပြောင်းနေထိုင်သူများအတွက် ပံ့ပိုးကူညီမှု၊ ရခိုင်ပြည်နယ်အတွင်းရှိIDPစခန်းများအတွက် ဆောင်ရွက် နေမှုနှင့် မြန်မာနိုင်ငံပြည်နယ်အသီးသီးတွင် လက်နက်ကိုင်ပဋိပက္ခ ကြောင့် ဖြစ်စေ၊ တိုက်ပွဲရှောင်လို၍ဖြစ်စေ၊ ရွေ့ပြောင်းနေထိုင်ရသည့်စခန်းများ ပိတ်သိမ်းရန်လိုအပ်သောအချိန်တွင် ပိတ်သိမ်းနိုင်ရေးအတွက် မဟာဗျူဟာ ရေးဆွဲနိုင်ရေးဆောင်ရွက်နေမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာလရှည်ကြာခဲ့သည့် ပဋိပက္ခများ၏ ဆိုးကျိုးကို မိမိတို့ရင်ဆိုင်နေရသော်လည်း စစ်မှန်သည့်စိတ်ထားဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ရွေ့ပြောင်းထွက်ခွာ သူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မတီ၏ အကြံပြုချက်များအကောင်အထည်ဖေါ်နေမှုအခြေအနေ၊ အိမ်နီးချင်းနိုင်ငံနှင့် ရေးထိုးထားသော သဘောတူညီချက်များအတိုင်း မြန်မာနိုင်ငံကအသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေရှည်ပြန်လည် ထူထောင်ရေးအတွက် မိတ်ဖက်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီလိုအပ် နိုင်မှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ ရွေ့ပြောင်းဒုက္ခသည်များ လက်ခံထားသည့်နိုင်ငံနှင့် မူရင်းနိုင်ငံ၊ ထို (၂) နိုင်ငံလုံးအား ကူညီရန်ဖြစ်သဖြင့် ပံ့ပိုးကူညီမှုများသည် မျှတသင့်လျှော်မှုရှိစေရန် အရေးကြီးမှု အခြေအနေ၊ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုသည် အရေး ပါသကဲ့သို့ ပတ်သက်ဆက်နွယ်မှုအားလုံးသည်လည်းရိုးဖြောင့်မှု၊ ပွင့်လင်းမြင်သာမှုများရှိရန် လိုအပ်သည့်အခြေအနေ များအား ဆက်လက်ဆွေးနွေးခဲ့ပါသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းဆောင်ရွက်မှုသည် ရှုပ်ထွေးကျယ်ပြန့်ပြီး စိန်ခေါ်မှုများစွာရှိသည်ကို နားလည်သဘောပေါက်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ပူးပေါင်း ကူညီမှုများအားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ အတွက် ဆန်းစစ်မှုလုပ်ငန်းအဆင့်လိုက်ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံ၏ ပံ့ပိုးပူးပေါင်းမှုများအား အသိအမှတ်ပြုပါ ကြောင်း ၊UNHCR အနေဖြင့် အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါခြင်းကိုသိရှိနားလည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားရွေ့ပြောင်းနေထိုင်သူများအတွက် အလှူရှင်နိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှုများပိုမိုကောင်းမွန်စေရေးအတွက် Solidarity Approch for the people of Rakhine State အား ပြုစုထားပြီး မြန်မာနိုင်ငံအပါအဝင် ပတ်သက်ဆက်နွယ်သူများနှင့် ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာမည့်အောက်တိုဘာ (၁၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့်အစည်းအဝေးသို့ Solidarity Approch for the people of Rakhine State သို့ မြန်မာနိုင်ငံကကိုယ်စားလှယ်များတက်ရောက်ရန် တိုက်တွန်းကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျီနီဗာမြို့၊ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ရုံးယာယီတာဝန်ခံဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#Sep2018

Sign Up

Upcoming Events