
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ပညာရေးကော လိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် သင်တန်းသား/သူ ဆရာ/မများအား သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာမှ ကျန်းမာရေး အကြောင်း သိကောင်းစရာများဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_Oct2018