
================================================
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တော်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာ၌ (၃-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ခြေ (၃) လုံး မီးလောင်ခဲ့သော်လည်း လူနေသည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု(၁)စုစာ၊ အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀၀ိ/-) အား (၄-၁၀-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။