Category Archives: News
-
မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ ( ၁၀း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/- ) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၃,၁၀၀/-) ကျပ်အားလည်းကောင်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံကျေးရွာအုပ်စု၊ ကရင်စုလမ်း၌ (၅.၁၀.၂၀၁၈) ရက်နေ့၊ ည (၁၉း၄၅) အချိန်တွ င်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူ များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်းသတင်း
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကို (၅-၁၀-၂၀၁၈) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု မိတ်ဖက်အဖွဲ့ MPP မှ ဘေးအန္တရာယ်ဆိုင်ရာ ရှေ့ဆက်ဆောင်ရွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို နံနက် ၉း၀၀ နာရိမှ နေ့လည် ၁၂း၃၀ အထိ ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် … Read more
-
ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံကြံခံနိုင်ရေးဖိုရမ် ကျင်းပပြုလုပ်နေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှုးရုံးနှင့် Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံကြံခံနိုင်ရေး ဖိုရမ် ကို (၄-၁၀-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင်လည်းကောင်း၊ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်အားဖြည့်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၄-၁၀-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင်လည်းကောင်း၊ ကရင်ပြည်နယ် ၊ ဘားအံမြို့၊ GABBANA Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မနက်ပိုင်းဖိုရမ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ၊ ADPC နှင့် MPP တို့မှ တာဝန်ရှိသူများ၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (၆၉)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲ အခမ်းအနားတက်ရောက်
(အောက်တိုဘာ ၅ ရက်၊ နေပြည်တော်) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံး ယာယီတာဝန်ခံဦးအောင်မျိုးမြင့်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို နိုင်ငံပေါင်း(၁၄၁)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ (၁)ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ … Read more
-
ဘိုကလေးမြို့၊ ပညာရေးကောလိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် တန်းသား/သူ ဆရာ/မများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ပညာရေးကော လိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် သင်တန်းသား/သူ ဆရာ/မများအား သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာမှ ကျန်းမာရေး အကြောင်း သိကောင်းစရာများဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးကြောင့် ရေနစ်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ခြင်း
================================================ Source: ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ် ကုက္ကိုလ်ကျေးရွာအုပ်စု ညောင်ကားယားကျေးရွာ၌ (၁၂-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရေနစ်သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား (၅-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
================================================ Source: ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ် အပိုင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ လှဇင်းဘောင်ကျေးရွာနှင့် အပိုင်ကျေးရွာတို့၌ (၂၃-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ်(၅)လုံးနှင့် ပြိုလဲခဲ့သည့် နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀၀၀၀ိ/-)နှင့် ပြိုလဲနေအိမ်(၄)လုံးရှိ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၄)အိမ်ထောင်စာတို့အား (၅-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မီးဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် ကျောက်ဖြူမြို့၊ ဦးဥတ္တမလမ်း၊ EPC ရုံးအနီးလမ်းထောင့်၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်အား သွား ရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ ကျိုက်ပဒိုင်ကြီးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၈၀) ခန့်ဖြင့် လည်းကောင်း၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ တာဝရေတံခါးကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၂၀) ခန့်ဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more









