================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ အထဲစုရပ်၌ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၃) ဦးအတွက် ဆန်ဖိုး (၆၃၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုး (၁) အိမ်ထောင်စာနှင့် မီးဘးသင့်အိမ်အနီးရှိ အမိုးများဖျက်ချခဲ့သော အိမ် (၅) လုံးအတွက် (၁) သိန်း (၅) သောင်း (ဆုံးရှုံးမှုတန်ဖိုး (၃) သောင်းစီ တင်ပြခဲ့၍)၊ အကာများဖျက်ချခဲ့သော အိမ် (၁) လုံးအတွက် (၅) သောင်း (ဆုံးရှုံးမှုတန်ဖိုးအတိုင်း) စုစုပေါင်းရန်ပုံငွေ (၃၀၆၃၀၀ိ/-) အား (၁၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ကျေးရွာသို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။