
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ (၁၁.၁၀.၂၀၁၈)ရက်နေ့တွင် ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြ ရသော အိမ်ခြေ(၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း (၄၀၀၀၀၀/-) ဘေးသင့် လူဦးရေ(၁၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၃၉၉၀၀/-)စုစုပေါင်းရန်ပုံငွေ (၄၃၉၉၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၄)အိမ်ထောင်စာ( တန်ဖိုး-၇၄၀၄၀/-) စုစုပေါင်း ထောက်ပံ့မှု တန်ဖိုး(၅၁၃၉၄၀/-) ကျပ်တို့အား (၁၅.၁၀.၂၀၁၈)ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)