ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

16 Pic 01 16 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၁၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၇,၈၀၀/-) ကျပ်တို့အား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#mgy_Oct2018

Sign Up

Upcoming Events