Category Archives: News
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၃၀)နာရီအချိန်မှ (၁၀၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ unicef မှ ပြည်နယ်တာဝန်ခံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ ခင်းကျင်းပြသထားသောအသိပညာပေးပြခန်းများအား လှည့်လည်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အင်အား (၃၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၁၃-၁၀-၂၀၁၈)နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး UNHCR. မှ ကိုယ်စားလှယ် ဒေါ်စုသဉ္ဇာစိုးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်သရုပ်ပြ အစီအစဉ်များ တင်ဆက်ခြင်း၊ Video ပြသခြင်း၊ ဓာတ်ပုံပြခန်းများအား လှည့်လည်ပြသခဲ့ပြီး၊ အခမ်းအနားသို့အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များINGOs /NGOs မှဖိတ်ကြားထားသူများ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်နှင့် အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်ခရိုင်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Lutheran World Federation (မင်းတပ်) တို့မှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် (၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက်(၀၉၀၀)နာရီမှ (၁၀၃၀) နာရီအထိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှဝန်ထမ်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မင်းတပ်မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး (၁၀၃၀)နာရီမှ (၁၁၀၀)နာရီအထိ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား၊ … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များစုစုပေါင်း(၄၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ Deputy Head of UNOCHA မှ Mr.Greg Puley … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၁၃-၁၀-၂၀၁၈)ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO/INGO များ.စေတနာ့ဝန်ထမ်းလူငယ်များ စုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကမ္ဘာလုံးဆိုင်ရာတိုင်းပြည်ဝင်ငွေ(GDP)နှင့်ဆက်စပ်၍ ဘေးအန္တရာယ်များကြောင့် စီးပွားရေးတိုက်ရိုက် ထိခိုက်ဆုံးရှုံးမှုလျော့ချရန် ရည်ရွယ်၍ ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို အောက်တိုဘာ လ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဓိကဘေးအန္တရာယ် (၂)ခု ဖြစ်သည့် ၂၀၀၈ခုနှစ် … Read more
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (International Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့်အညီ ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အခမ်းအနားသို့ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော UN/NGO … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ (၁၃-၁၀-၂၀၁၈)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများအား ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုပြသခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခြင်းများအား အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၀၃၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ ရေလဲလမ်းမကြီးတွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၁၀၃၀) နာရိချိန်တွင်စိုက်ထူခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြာခဲ့ပြီး၊ ကရင်ပြည်နယ်ဦးစီးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် မှတ်တမ်းဗွီဒီယိုပြသခြင်း၊ မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။









