
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ စစ်ကုန်းကျေးရွာ၌ (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ စစ်ကုန်းအုပ်စုအတွင်းရှိ ပြည်သူ (၆၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင် (၈) မျိုးဝေငှခဲ့ပြီး ကျေးရွာ၌ အများပြည်သူကြည့်ရှုနိုင်ရန် သဘာဝဘေး အသိပညာပေး ဗွီနိုင်းပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_oct2018