လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း

31_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် (၂၈.၁၀.၂၀၁၈)နေ့ လေဘေးကြောင့် အမိုးလန် ပျက်စီးသွားသော အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၂) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး(၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၂၀ဝ/-)ကျပ်၊
စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၅၂၀ဝ/)ကျပ် တို့အား (၃၀-၁၀-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#ayy_oct2018
Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events