မီးဘေးသင့် ပြည်သူများအတွက် နောင်ဦးကျေးရွာအုပ်ချုပ်ရေးမှူးထံသို လွှဲပြောင်းထောက်ပံ့မှုသတင်း

31 Pic_01 31 Pic_02     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ နောင်ဦးကျေးရွာ၌ (၂၅-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် ကျွန်းလှမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ နောင်ဦးကျေးရွာအုပ်ချုပ်ရေးမှူးထံသို လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

Source:         ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#sgg_oct2018

Sign Up

Upcoming Events