
================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ဇလွန်မြို့နယ်အတွင်း (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၂၇၁၀) ကျပ်ကိုလည်းကောင်း၊
လေးမျက်နှာမြို့နယ်အတွင်း (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၆၂၂၂၀) ကျပ်ကိုလည်းကောင်း၊
(၃၀-၁၀ -၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။