ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

30 Pic_01 30 Pic_02 30 Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာ အုပ်စု၊ လေးလံကျွန်းကျေးရွာ၊ ရေလယ်သောင်ကျေးရွာနှင့် မြင်းကျွန်းကျေးရွာတို့၌ (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ ပြောင်းရွှေ့အိမ်ခြေ (၁၈) လုံးရှိ အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၈၅) ဦးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၉၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၇၈,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၇၈,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ ပခုက္ကူခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်အံ့မောင်နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ရွှေကန်မြ ေလူမှုကူညီရေးအသင်းဥက္ကဌ ဦးသန်းကျော်သူ၊ ပခုက္ကူဂျာနယ် အယ်ဒီတာချုပ် ဦးနေဦးမောင်နှင့် သတင်းမီဒီယာသမားများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တို့နှင့်အတူ လေးလံကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#mgy_oct2018

Sign Up

Upcoming Events