Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၁၀.၂၀၁၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူကျေးရွာရှိ ရပ်ရွာပြည်သူ(၅၃)ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_oct2018 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျောင်းအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းပြသင်တန်းဆင်း အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့၌ (၁၇.၁၀.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ကျောင်းအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းပြသင်တန်းဆင်း အခမ်းအနားကျင်းပခဲ့ရာ သင်တန်းကျောင်းကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ MCCR မှ Mr Lafir ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့် သင်တန်း သား/သူ(၄၀)ဦး၊ စုစုပေါင်း (၅၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2018 Source: DMTC (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၀၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ၌ ကျေးရွာသူ/သား စုစုပေါင်း အင်အား (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Oct2018
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၁၇၊ မြစ်ကြီးနား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Burgener၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ယမန်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ဒုတိယဝန်ကြီးဦးစိုးအောင်သည် မူးယစ်ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအားဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရွှေစက်ရပ်ကွက်၊ တောင်တန်းဒေသကျောင်းသား/ကျောင်းသူများ ပြုစုစောင့်ရှောက်ရေးဂေဟာသို့သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #hl2 #kcn_Oct2018
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ၌ (၁၁-၁၀- ၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၁) မျိုး၊ … Read more
-
ကွင်းဆင်းလေ့လာမှုများဆောင်ရွက်မှုသတင်း
ဟင်္သာတမြို့၌ (၈-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၉/၂၀၁၈) မှ သင်တန်းသား/သူများသည် (၁၇-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာ အုပ်စုရှိ အလယ်စုကျေးရွာ၊ ညောင်ပင်စုကျေးရွာ၊ ပေကုန်းကျေးရွာ၊ မြို့ကွင်းကျေးရွာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ နည်းပြများနှင့်တကွ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Sourceး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း #otr #ayy_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှုရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်မြို့နယ် Hotel AMT ၌ (၁၅-၁၀-၂၀၁၈) ရက်နေ့မှ (၁၇-၁၀-၂၀၁၈) ရက်နေ့အထိ ပြည်ခရိုင်၊ မြို့နယ် (၆) မြို့နယ်အတွင်းမှ သင်တန်းသူ/သား (၃၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_Oct2018
-
သဘာဝဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်မှုသတင်း
အောက်တိုဘာ ၁၇၊ နေပြည်တော် သဘာဝဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ရေးအတွက် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ရာတွင် အထောက်အကူပြုအကျိုးရှိစေမည့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစိုးရသစ် လက်ထက်တွင် စီမံခန့်ခွဲမှုပုံစံအသစ်များကိုဖော်ဆောင်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံး ရှုံးမှုများကို လျှော့ချနိုင်စေရေးအတွက်ရည်ရွယ်၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသောလူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေးကိုဝန်ကြီးဌာနမူဝါဒနှင့်အညီဖော်ဆောင်လျက်ရှိပါကြောင်း၊ ဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်အတွက် ပြည်သူအားလုံးတွင် အသိ၊ သတိရှိဖို့လိုအပ်ပါကြောင်း၊ အသိပညာများကို သတိဖြင့်လိုက်ပါ … Read more
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်အတွင်းရှိ ကောင်းစင့်ကျေးရွာနှင့် လက်ပံတန်းကျေးရွာတို့၌ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသော အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၂၁,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၁,၀၀၀/-) ကျပ်တို့အား (၁၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ဝေယံကျွန်းကျေးရွာနှင့် မြစိမ်းကျွန်းကျေးရွာတို့၌ (၁၅-၁၀-၂၀၁၈)ရက်နေ့ တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွေ့ခဲ့သည် နေအိမ် (၁၆) လုံး အိမ်ထောင်စု (၁၆) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၆၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၅၁၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၇၅၁,၂၀၀/-)ကျပ်တို့အား (၁၇-၁၀-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ် သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









