လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာ၌ (၁-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှလူဦးရေ (၁၉) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေစုစုပေါင်း (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်အားလည်းကောင်း၊ မီးတားအဖြစ်ကြိုတင်ဖျက်ဆီးခဲ့သော နေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အား လည်းကောင်း (၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#tny_nov2018