နိုဝင်ဘာ၂၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Country Director(Myanmar)ဖြစ်သူ Ms.Ellen Goldsteinနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့၏အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်အဖွဲ့၏ IDA ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသောကလေးအသက်(၂)နှစ်အထိ ငွေကြေး ထောက်ပံ့မှုအစီအစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး၊ ထိုသို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်ကိုပါ ပိုမိုထိရောက် အားကောင်းအောင်ပြုလုပ်နိုင်ရေး၊ စီမံချက်ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပွင့်လင်းမြင်သာမှုရှိစေရေး တို့အတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ Mr. Roelf Meyer နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် ဆန်းစစ်တွေ့ရှိချက်များ၊ မတူညီသော လူ့အသိုင်းအဝန်းနှစ်ခုအကြား လူမှုသဟဇာ တမျှတဖြစ်ထွန်းရေး ဆောင်ရွက်နေမှုအခြေ အနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ အားပြန်လည်လက်ခံမည့် နောက်ဆုံးအခြေအနေများ၊ နိုင်ငံတော်အစိုးရ မှဆောင်ရွက်ထားရှိမှုများ၊ စီစဉ်ဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
#hl1
#npw_nov2018
Source: MSWRR