မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမှုသတင်း

3_Pic_01
နေပြည်တော်၊ နိုဝင်ဘာ  ၂

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂/၂၀၁၈) ညှိနှိုင်း အစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင် မသန်စွမ်းသူများ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီနှင့် နေပြည်တော်ကော်မတီတို့အား ဖွဲ့စည်းဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊   မသန်သော်လည်း စွမ်းဆောင်နိုင်မည့်သူများဖြစ်စေ ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကိုလည်း အပြည့်အဝဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်း သူများနှင့် ပံ့ပိုးကူညီသူအားလုံးသည် ဥပဒေ၊ နည်းဥပဒေတို့ကို သဘောပေါက် နားလည်စေရန် ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ အဓိကအရေးကြီးသည် မှာ အမျိုးသားကော်မတီတွင် ပါဝင်သော မသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်း အရေးတက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများ၊ မသန်စွမ်းသူများကိုယ်တိုင်က မသန်စွမ်းသူများ အတွက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်တို့ကို တင်ပြဆွေးနွေးပြီး ယခုတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဝင်များက အမှန်တကယ် လက်တွေ့အခွင့်အရေးများ ရရှိခံစားစေရန်လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်ကြ ရန်ဖြစ်ကြောင်း၊ မသန်စွမ်းသူများပံ့ပိုးမှုရရှိရေး၊ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်ပေးရေး၊ ပညာရေး၊ ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားပါဝင်နိုင်အောင် အတားအဆီး ကင်းသည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့ကိုလည်း စနစ်တ ကျဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု ရေရှည်တည်တံ့စေရေး အတွက် Japan Heartနှင့် ပူးပေါင်း၍ မျက်မမြင်အနှိပ်စနစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာစီမံကိန်း၊ ဉာဏ်ရည်မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများအားလုံးပူးပေါင်း ၍ လုပ်ငန်းကဏ္ဍအလိုက်ထားရှိသော ရည်မှန်းချက်များအောင်မြင်မှုရရှိအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  ဗြိတိန်နိုင်ငံ၊ လန်ဒန်တွင် ကျင်းပခဲ့သည့် Global Disability Summit တွင် မြန်မာနိုင်ငံအစိုးရမှ ကတိကဝတ်ပြုခဲ့သည့် ကတိပြုချက်(၇)ရပ်အား အသိပေး ဖော်ပြနိုင်ရေးအတွက် မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို (၂၆.၉.၂၀၁၈)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး လူတိုင်းအကျုံးဝင် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ သတင်း အချက်အလက်နှင့် နည်းပညာ၊ သဘာဝဘေးနှင့် အရေးပေါ် အခြေအနေအစရှိတဲ့ စကားဝိုင်း(၄)ဝိုင်းကို အောင်မြင်စွာဆွေးနွေးကျင်းပနိုင်ခဲ့ပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)တွင် မြန်မာ နိုင်ငံ မသန်စွမ်းအမျိုးသမီးငယ်များ၏ Documentaryနှင့် မြန်မာနိုင်ငံမသန်စွမ်း အမျိုးသမီးကလေး ငယ်များ၏ လက်ရှိမသန်စွမ်းမှုအခြေအနေ၊ မသန်စွမ်းကလေးသူငယ်များ၏စိန်ခေါ်မှု၊ အတားအဆီး များစကားဝိုင်းနှင့် ဖွံ့ဖြိုးတိုး တက်မှုကြုံတွေ့ နေရသော အတားအဆီးများ၊ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးစကားဝိုင်းတို့ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရှိ အလုပ်ရှင် များအတွက် မသန်စွမ်းသူများအလုပ်ခန့်ထားခြင်းဆိုင်ရာလက်စွဲစာအုပ် မိတ်ဆက်ပွဲအခမ်းအနား ကိုလည်းကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်နှင့် ပူးပေါင်း၍မသန်စွမ်းမှု ဆိုင်ရာ  ဝေါဟာရအသုံးအနှုန်းများလက်စွဲစာအုပ်မိတ်ဆက်ပွဲကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ Japan Heart နှင့် ပူးပေါင်းပြီး မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းနိုင်ခြင်း နှင့်  Asia-Pacific Development Center on Disability (APCD) နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့ပူးပေါင်းပြီး မသန်စွမ်းသူများ မိမိဘဝရပ်တည်နိုင်ရေးအတွက် မှိုစိုက်ပျိုးရေး သင်တန်း များကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ဆပ်ကော်မတီများဖွဲ့စည်းရာတွင် ပါဝင်သင့်ပါဝင် ထိုက်သည့် အဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များကိုလည်း ရှင်းလင်း တိကျစွာ ဖော်ပြနိုင်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့်  လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်တို့က လက်ရှိဆောင်ရွက်နေသောလုပ်ငန်း ဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြကြ ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းကော်မတီဝင်၊ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသူများက ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_nov2018
Source:   MSWRR

Sign Up

Upcoming Events