
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈)” ပိတ်ပွဲအခမ်းအနားအား (၂-၁၁-၂၀၁၈)ရက်နေ့ (၁၅းဝဝ)နာရီအချိန်၌ ကိုးသိန်း အားကစားကွင်းသင်တန်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ညွှန်ကြားရေးမှူးမှ အမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၅ဝ)ဦးဖြင့် (၂၉.၁၀.၂၀၁၈) ရက်နေ့မှ (၂.၁၁.၂၀၁၈)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)