Category Archives: News
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈)ရက်နေ့ (၁၄၁၅)နာရီအချိန်မှ(၁၅၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(ပန်ကန်း)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၂၃၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈)နေ့ (၁၀၀၀)နာရီအချိန်မှ (၁၁၀၀)နာရီအချိန်ထိ ချောင်းဆုံမြို့၊ ဟင်္သာကျွန်းကျေးရွာခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ လူဦးရေ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈)ရက်နေ့တွင် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အမှတ် ၁၁ ရပ်ကွက်၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်း(၁၁၀၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုး(တစ်အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၄၃,၇၁၆) နှင့် family kits (၁)ပုံး တို့အား (၁၆-၁၁-၂၀၁၈)ရက်နေ့ ညနေ (၄:၀၀)အချိန်က ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၃၀) နာရီ အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲ အ.ထ.က (၁၅) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၂၆၀) ဦးတို့အား သဘာဝဘေးအသိ ပညာများဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး #ar #npw_nov2018
-
အိန္ဒိယနိုင်ငံ၊ ပိုစ့်ဘလဲယားကျွန်းသို့ ဖောင်ပျက်ရေမျှောဘေးသင့်ပြည်သူများအား သွားရောက်ကြိုဆိုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၈)ရက်နေ့ ည(၉:၂၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကမကလူကျေးရွာအုပ်စု၊ ဥတိုကျေးရွာနေသူ ဦးကိုမောစ့်ရေလုပ်သားသည် အိန္ဒိယနိုင်ငံ၊ ပိုစ့်ဘလဲယားကျွန်းသို့ ဖောင်ပျက်၍ ရေမျောသွားခဲ့ပြီး ယခုအခါ ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့မှုကို ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်ကြိုခဲ့ကာ (၁၆.၁၁.၂၀၁၈) ရက်နေ့ နေ့လည် (၁၂:၃၀) အချိန်တွင် ဘိုကလေးမြို့နယ်အထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှ မြို့မစခန်းမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ အ.လ.က ရွာဟောင်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးဖြင့် ပြုလုပ်ခဲ့ ပါသည်။ အဆိုပါဟောပြောပွဲ၌် ကရင်ပြည်နယ်အတွင်း အဖြစ်များသော မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်း ကျေးရွာရှိစာသင်ကျောင်းများအတွက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာအုပ်စု သပြေကျွန်းကျေးရွာ၌ ရပ်မိရပ်ဖနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဘေး (၈) မျိုး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၃၀) နာရီအချိန်ထိ သံတွဲခရိုင်၊ ရွှေလှေ ကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာသူ/သား စုစုပေါင်း (၉၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီ အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ဇဝန အ.ထ.က (၁၃) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၄၂၀) ဦးတို့အား သဘာဝဘေး အသိ ပညာများဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး #ar #npw_nov2018
-
ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁၀/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတ မြို့၌ (၁၆-၁၁-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ် စဉ် (၁၀/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ (၇၉) ဦး၊ စုစုပေါင်း(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဘစမ) #ar #ayy_nov2018









