လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ အ.လ.က ရွာဟောင်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးဖြင့် ပြုလုပ်ခဲ့ ပါသည်။ အဆိုပါဟောပြောပွဲ၌် ကရင်ပြည်နယ်အတွင်း အဖြစ်များသော မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်း ကျေးရွာရှိစာသင်ကျောင်းများအတွက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_nov2018