ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈)ရက်နေ့တွင် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အမှတ် ၁၁ ရပ်ကွက်၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်း(၁၁၀၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုး(တစ်အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၄၃,၇၁၆) နှင့် family kits (၁)ပုံး တို့အား (၁၆-၁၁-၂၀၁၈)ရက်နေ့ ညနေ (၄:၀၀)အချိန်က ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events