လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတ မြို့၌ (၁၆-၁၁-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ် စဉ် (၁၀/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ (၇၉) ဦး၊ စုစုပေါင်း(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဘစမ)
#ar
#ayy_nov2018