အိန္ဒိယနိုင်ငံ၊ ပိုစ့်ဘလဲယားကျွန်းသို့ ဖောင်ပျက်ရေမျှောဘေးသင့်ပြည်သူများအား သွားရောက်ကြိုဆိုမှုသတင်း

16_Pic_01 16_Pic_02 16_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၈)ရက်နေ့ ည(၉:၂၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကမကလူကျေးရွာအုပ်စု၊ ဥတိုကျေးရွာနေသူ ဦးကိုမောစ့်ရေလုပ်သားသည် အိန္ဒိယနိုင်ငံ၊ ပိုစ့်ဘလဲယားကျွန်းသို့ ဖောင်ပျက်၍ ရေမျောသွားခဲ့ပြီး ယခုအခါ ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့မှုကို ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်ကြိုခဲ့ကာ (၁၆.၁၁.၂၀၁၈) ရက်နေ့ နေ့လည် (၁၂:၃၀) အချိန်တွင် ဘိုကလေးမြို့နယ်အထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှ မြို့မစခန်းမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ ကမကလူကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကာယကံရှင်၏ အကို (အရင်း) တို့ရှေ့မှောက်တွင် လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

#otr
#ayy_nov2018
Source:  ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events