လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာအုပ်စု
သပြေကျွန်းကျေးရွာ၌ ရပ်မိရပ်ဖနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဘေး (၈) မျိုး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_nov2018