Category Archives: News
-
စင်္ကာပူနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း(၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍မိန့်ခွန်းပြောကြားမှုသတင်း
နိုဝင်ဘာလ၊၈ရက် နေပြည်တော် စင်္ကာပူနိုင်ငံ၊ Hotel Jen Tanglin Singapore တွင်ကျင်းပသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း (၁၀) နှစ်ပြည့်ကာလနှင့် အရှေ့တောင် အာရှဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုဆယ်စုနှစ်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ မိန့််ခွန်းပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများရရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကိုပြသသော AHA Centre (ASEAN … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာ၌ (၁-၁၁-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အား (၈-၁၁-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီ အချိန်၌ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းပေးပို့ပါသည်။ Source: … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူလူထုအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ ငလျင်အသိပညာပေးပိုစတာများအား ကားဂိတ်များ၊ ဘူတာရုံ၊ စာသင်ကျောင်းနှင့် ဈေးရုံများတွင် သွားရောက်ကပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး #ar #sgg_Nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မှန်ပင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့၊ အ.ထ.က (ခွဲ) ပေါင်လင်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် အသိပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Nov2018
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၁၁-၂၀၁၈) ရက်နေ့တွင် ချောင်းဆုံ မြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ သွပ်မိုးအုတ်ညှပ် (၂) ထပ်နေအိမ်၌ လျှပ်စစ်မီးသုံးစွဲမှု များပြားရာမှ အပူလွန်ကဲ၍ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ FamilyKit (၁) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၁၁.၂၀၁၈) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၌ကျေးရွာနေပြည်သူ (၁၅၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူလူထုအား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ငလျင်အသိပညာပေးပိုစတာများအား ကားဂိတ်များ၊ ဘူတာရုံ/ပြန်ဆက်ရုံးနှင့် ဘုရား မုဒ်ပေါက်များတွင် သွားရောက်ကပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့၊ အ.ထ.က (၁) ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၄၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် အသိပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ လေးဆိပ်ကျေးရွာမှ ကျေးရွာနေပြည်သူလူထု (၇၀) ဦး၊ ကျောင်းသား/သူ (၅၀) ဦး၊ စုစုပေါင်း လူဦးရေ (၁၂၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ သဘာဝအသိပညာပေးလက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Nov2018









