Category Archives: News
-
ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှု သတင်း ========
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့် ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၁၁.၂၀၁၈)ရက်နေ့ (၁၄း၀၀)မှ(၁၅း၀၀)ထိ ကျောက်ဖြူမြို့၊ တောင်ရင်း (အ.လ.က)၌ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀) ဦးကျော်အား ဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဆွေးနွေးဟောပြောဆွေးနွေးခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင် ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ၊ မုန့်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_nov2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ (၁၉.၁၁.၂၀၁၈) ရက်နေ့တွင် ရှမ်းရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝလောင်ကျွမ်း ပျက်စီးခဲ့သော အိမ်ခြေ (သစ်အိမ်-၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၄၀၀၀၀၀/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၁၄၇၀၀/-) စုစုပေါင်းရန်ပုံငွေ(၄၁၄၇၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ( တန်ဖိုး-၆၄၇၀၆/-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၄၁၄၇၀၀/-) ကိုလည်းကောင်း၊ (၁၅.၁၁.၂၀၁၈)ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စုညောင်တန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀၀/-) ဘေးသင့် … Read more
-
ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၂၁း၄၅) နာရီအချိန်တွင် တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ မီးပုံးပျံလွှင့်တင်ရာမှ ယမ်းခွေကြိုးပျက်ကျခဲ့သဖြင့် ဒဏ်ရာရသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၁၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #shn_nov2018
-
ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်များ လွှဲပြောင်းထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် AHA Centre မှ လှူဒါန်းထားသည့် ဆိုလာမီးအိမ် (၃၀၀၀) လုံး အနက်မှ ဆိုလာမီးအိမ် (၁၀၀) လုံးအား ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #bgo_nov2018
-
တာပေါ်လင်မိုးကာလိပ် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၁.၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ခရီးစဉ်တွင် လယ်ဝေးမြို့နယ်၊ သာယာ ကုန်းကျေးရွာရှိ ကရုဏာမိခင်ဝိုင်းမူကြိုကျောင်းနှင့် မေတ္တာမိခင်ဝိုင်း(၂)ဝိုင်းတွင် အသုံးပြုရန်အတွက် တာပေါ်လင်မိုးကာလိပ် (၂)လိပ်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ #otr #npw_nov2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
အနာဂတ် နိုင်ငံ့သားကောင်း/သမီးကောင်းများပေါ်ထွန်းရေး ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြားမှုသတင်း
နိုဝင်ဘာ၁၈၊နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မိခင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လှည့်လည်ကြည့်ရှု၍ အားပေးထောက်ပံ့မှုများဆောင်ရွက်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာတွင် ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာန၏အသိအမှတ်ပြု ရန်အောင်မြင် မိခင် ဝိုင်းသို့ရောက်ရှိ၍ ကလေးငယ်များကိုအာဟာရမုန့်များနှင့် ကစားစရာများပေးဝေခဲ့ပြီး ဆရာမများနှင့် အလှည့်ကျ လုပ်အား ပေး နေသည့် ကျေးရွာအတွင်းရှိ မိခင်များ၊အမျိုးသမီးများကိုတွေ့ဆုံ၍ မူလတန်းကြိုကျောင်းမဖွင့်လှစ်နိုင်သေးသည့်ကျေးရွာများတွင် ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းစနစ်များနဲ့အညီ မိခင်ဝိုင်းများဖြင့် ကလေးသူငယ်များကို … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆိုလာမီးအိမ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့နှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် AHA Centre မှ လှူဒါန်းထားသည့် ဆိုလာမီးအိမ် (၃,၀၀၀)လုံးအနက်မှ ဆိုလာမီးအိမ် (၁၀၀)လုံးအား မိုးညိုမြို့နယ်အတွင်းရှိ ရေဘေး သင့်ပြည်သူများအတွက် (၁၇-၁၁-၂၀၁၈)ရက်နေ့တွင် မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာ၌ (၂၂-၁၀-၂၀၁၈)ရက်နေ့ က တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးလူနေတဲအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၄၀၀,၀၀၀)အား (၁၇-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီမှ (၁၂၀၀)နာရီအထိ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၃/၂၀၁၈)ဖွင့်လှစ်ခဲ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈)ရက်နေ့မှ (၁၆-၁၁-၂၀၁၈)ရက်နေ့အထိ သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ်(၃/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









