မီးဘေးနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

19_Pic_01 19_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ (၁၉.၁၁.၂၀၁၈) ရက်နေ့တွင် ရှမ်းရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝလောင်ကျွမ်း ပျက်စီးခဲ့သော အိမ်ခြေ (သစ်အိမ်-၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၄၀၀၀၀၀/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၁၄၇၀၀/-) စုစုပေါင်းရန်ပုံငွေ(၄၁၄၇၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ( တန်ဖိုး-၆၄၇၀၆/-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၄၁၄၇၀၀/-) ကိုလည်းကောင်း၊ (၁၅.၁၁.၂၀၁၈)ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စုညောင်တန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀၀/-) ဘေးသင့် လူဦးရေ (၄၄)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၉၂၄၀၀/-) စုစုပေါင်းရန်ပုံငွေ(၁၀၉၂၄၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၀)အိမ်ထောင်စာ (တန်ဖိုး-၁၈၅၁၀၀/-) စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၁၀၉၂၄၀၀/-)တို့အား (၁၉.၁၁.၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသ သို့သွားရောက်၍ ကမ်းပြိုဘေးနှင့် မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe_ fir
#ayy_nov2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events