
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့် ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၁၁.၂၀၁၈)ရက်နေ့ (၁၄း၀၀)မှ(၁၅း၀၀)ထိ ကျောက်ဖြူမြို့၊ တောင်ရင်း (အ.လ.က)၌ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀) ဦးကျော်အား ဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဆွေးနွေးဟောပြောဆွေးနွေးခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင် ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ၊ မုန့်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_nov2018
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)