ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၂၁း၄၅) နာရီအချိန်တွင် တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ မီးပုံးပျံလွှင့်တင်ရာမှ ယမ်းခွေကြိုးပျက်ကျခဲ့သဖြင့် ဒဏ်ရာရသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၁၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#shn_nov2018

Sign Up

Upcoming Events