လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီမှ (၁၂၀၀)နာရီအထိ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။