Category Archives: News
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၊ အမှတ် (၄) အထပ်သားစက်ရုံ၌ (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ကျွမ်းပျက်စီးခဲ့သည့် ဝန်ထမ်းလိုင်းခန်း (၃) ခန်းတွဲ (၂) ထပ် (၁) လုံးမှ အိမ်ထောင်စု (၅) စုရှိ လူဦးရေ (၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ … Read more
-
IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမှုသတင်း
နိုဝင်ဘာ ၂၉၊ နေပြည်တော် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားရှိသော IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်းအမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်(၄)ခုမှ အစိုးရတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်း … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE .Mr.Daniel Patrick Chugg မှ လာရောက်တွေ့ဆုံမှုသတင်း
နိုဝင်ဘာ၊၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE.Mr. Daniel Patrick Chugg မှ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မှုများတွင် ဗြိတိန်နိုင်ငံက ပါဝင်ကူညီ နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် မိုင်းဆတ်မြို့၊ အ.လ.က (ကျဒယ်) ကျောင်း ၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်း ဌက်ပျောတောကျေးရွာ ရွှေကျော်ဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကရင်ပြည်နယ်အတွင်း အဖြစ်များသော မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များ အကြောင်းကိုဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ကျေးရွာရှိ စာသင်ကျောင်းများအတွက် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊ အထက (၃) အစည်းအဝေး ခန်းမတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းကို တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာ နေထိုင်နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ အုပ်ချုပ်ရေးအရာရှိ ဦးညီညီဇေမှလည်းကောင်း ဟောပြောခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၀၀) နာရီတွင် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း ကိုဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာ အ.လ.က ကျောင်းတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၂၁၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ လက်ပံကျေးရွာသည် ပင်လယ်နှင့်နီးသော ဒေသဖြစ်ပြီး နာဂစ် မုန်တိုင်းဒဏ်ခံစားခဲ့ရေသော ဒေသဖြစ်သဖြင့် မုန်တိုင်းဘေး၊ ဆူနာမီဘေးများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ပြည်သူ များသိရှိနားလည်စေရန် … Read more
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအိုခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား (၂၈-၁၁-၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် အ.ထ.က(ပူတာအို)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရသည့်ရည်ရွယ်ချက် ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်ရ မည့်အစီအစဉ်များအပါအဝင် ကြိုတင်ပြင်ဆင် ထားမှုများနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန်အတွက် ငလျင်ဇာတ် တိုက်လေ့ကျင့်ခန်းသဏ္ဍာန်တူပြုလုပ်ခြင်းများအား ရှင်း လင်းပြောကြားခဲ့ပြီး သဘာဝဘေး အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား … Read more
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ ပြင်ဘုကြီးကျေးရွာ၌ မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့် ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း လူဦးရေ (၂၅၀) ဦးပါဝင်လျက် မုန်တိုင်းဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကိုဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား ထမင်းဘူး၊ ရေသန့်နှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_str #tny_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ADRA) MYANMAR တို့နှင့် ပူးပေါင်း၍ လှိုင်းဘွဲ့မြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ သင်တန်းသား/သူ (၅၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေးသင်တန်းကို (၂၇-၁၁-၂၀၁၈) ရက်နေ့မှ (၂၈-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်တာဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_nov2018









