သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်း ဌက်ပျောတောကျေးရွာ ရွှေကျော်ဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကရင်ပြည်နယ်အတွင်း အဖြစ်များသော မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များ အကြောင်းကိုဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ကျေးရွာရှိ စာသင်ကျောင်းများအတွက် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#krn_nov2018

Sign Up

Upcoming Events