သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာ အ.လ.က ကျောင်းတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၂၁၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ လက်ပံကျေးရွာသည် ပင်လယ်နှင့်နီးသော ဒေသဖြစ်ပြီး နာဂစ် မုန်တိုင်းဒဏ်ခံစားခဲ့ရေသော ဒေသဖြစ်သဖြင့် မုန်တိုင်းဘေး၊ ဆူနာမီဘေးများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ပြည်သူ များသိရှိနားလည်စေရန် ဟောပြောခဲဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_nov2018

Sign Up

Upcoming Events