
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊ အထက (၃) အစည်းအဝေး ခန်းမတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းကို တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာ နေထိုင်နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ အုပ်ချုပ်ရေးအရာရှိ ဦးညီညီဇေမှလည်းကောင်း ဟောပြောခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၀၀) နာရီတွင် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း ကိုဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ် ယူခြင်း၊ ဒဏ်ရာရကျောင်းသား/ကျောင်းသူများကို ရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား ညွှန်းပို့ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#simex_eqk
#mgy_nov2018