ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE .Mr.Daniel Patrick Chugg မှ လာရောက်တွေ့ဆုံမှုသတင်း

နိုဝင်ဘာ၊၂၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE.Mr. Daniel Patrick Chugg မှ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မှုများတွင် ဗြိတိန်နိုင်ငံက ပါဝင်ကူညီ နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2018

Sign Up

Upcoming Events