ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

29_Pic_01 29_Pic_02 29_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအိုခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား (၂၈-၁၁-၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် အ.ထ.က(ပူတာအို)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရသည့်ရည်ရွယ်ချက် ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်ရ မည့်အစီအစဉ်များအပါအဝင် ကြိုတင်ပြင်ဆင် ထားမှုများနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန်အတွက် ငလျင်ဇာတ် တိုက်လေ့ကျင့်ခန်းသဏ္ဍာန်တူပြုလုပ်ခြင်းများအား ရှင်း လင်းပြောကြားခဲ့ပြီး သဘာဝဘေး အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်/ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာများ, NGOs,INGOsအဖွဲ့အစည်းများမှ တက်ရောက် ခဲ့၍ ဌာနဆိုင်ရာဆရာ/ဆရာမများနှင့်ကျောင်းသား/သူအင်အား(၅၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#simex_eqk
#kcn_nov2018
Source:     ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events