Category Archives: News
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း (၅/၂၀၁၈)ဆင်းပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၅/၂၀၁၈)ကို (၅-၁၂-၂၀၁၈)ရက်နေ့မှ (၇-၁၂-၂၀၁၈)ရက်နေ့ထိ ကျင်းပဖွင့်လှစ်ခဲ့ရာ (၇-၁၂-၂၀၁၈)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (စက်ဆန်း)တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ လေ့ကျင့်ခြင်း အစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးမှ အဖွင့်အမှာစကား ပြောကြားကာ ဟောပြောပွဲကိုစတင်ကျင်းပခဲ့ရာ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ပထမပိုင်းအစီအစဉ်များ ရပ်နားခဲ့ပါသည်။ နေ့လည် (၁း၀၀)နာရီအချိန်တွင် သရုပ်ပြလေ့ကျင့်ခြင်းအစီအဉ်ကို ဆက်လက်ကျင်းပ ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောက်လုပ်သည့် Cyclone Shelter များ သွားရောက်စစ်ဆေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်သဇင်ထွန်း (ဦးစီးအရာရှိ)သည် (၇-၁၂-၂၀၁၈)ရက်နေ့တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ခမောက်မော်ကျေးရွာနှင့် ကံချိုင်ကျေးရွာတို့၌ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော Cyclone Shelter (၂)လုံး၏ (၂၅%)လုပ်ငန်းပြီးစီးမှုအခြေအနေအား မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။ #otr #ayy_dec2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်းမှုသတင်း
ဒီဇင်ဘာ ၇၊ နေပြည်တော် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ငွေကျပ် သိန်းနှစ်ထောင်အား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။ တရုတ်သံအမတ်ကြီးက ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းတွင် Cash for Work Program … Read more
-
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ (Strengthening Emergency Operation Center (EOC)’s Function Workshop) ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် USAID နှင့် ပူးပေါင်း၍ (၇-၁၂-၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွက် သင်္ဂဟဟိုတယ်၊ နေပြည်တော်တွင် “အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းစွမ်းဆောင် ရည် တိုးတက်ကောင်းမွန်စေရေးအလုပ်ရုံဆွေးနွေးပွဲ” အားကျင်းပပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်မှ အဖွင့်အမှားစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ USAID နှင့် ADPC တို့အပါအဝင် စုစုပေါင်း လူဦးရေ … Read more
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့တွင် အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ခိုလှုံရာစခန်းအဖြစ် အသုံးပြုနိုင်ရန်နှင့် သာမန်အချိန်များတွင် စာသင်ကျောင်းအဖြစ် အသုံးပြုနိုင်ရန် School Cum Shelter (၁)လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀% ပြီးစီးပြီဖြစ်ပါသဖြင့် တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ယင်း School … Read more
-
School Cum Shelter အားသွားရောက်ကြည့်ရှုခြင်းနှင့် သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ခွင့်ပြုငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် School Cum Shelter အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များဖြင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါဒေသသည် ပင်လယ်ပြင်နှင့် ထိစပ်နေကာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးခံခဲ့ရသော ဒေသဖြစ်သည့်အပြင် လက်ရှိတွင် သဘာဝဘေးအန္တရာယ်ကြောင့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထောင်စု (၄)စုရှိ လူဦးရေ (၁၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၃၃၆၀၀) ကျပ်တို့ကို (၆-၁၂-၂၀၁၈) ရက်နေ့တွင်ဟင်္သာတမြို့နယ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ကြိမ်ချောင်းကြီး) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းတက်ရောက်ဦးရေ (၂၅၀) ဦးခန့်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့တွင် အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ခိုလှုံရာစခန်းအဖြစ် အသုံးပြုနိုင်ရန်နှင့် သာမန်အချိန်များတွင် စာသင်ကျောင်းအဖြစ် အသုံးပြုနိုင်ရန် School Cum Shelter (၁)လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀% ပြီးစီးပြီဖြစ်ပါသဖြင့် တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ယင်း School Cum Shelter … Read more









